သထုံ မေ ၁၀
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းက သထုံမြို့နယ်၊ ကြာပန်းကျေးရွာရှိ သထုံသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံနှင့် အမှတ်(၂၁)အကြီးစားစက်ရုံ တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ သထုံသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံအင်ဂျင်နီယာမှူးကြီး ဒေါ်နှင်းသီရိနှင့် Yangon Industrial Solutions Co.,Ltd မှ ပရောဂျက်မန်နေဂျာ ဦးကျော်ကိုကိုတို့က စက်ရုံ၏အခြေအနေနှင့် ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက ယခုစက်ရုံပြန်လည်ပတ်နိုင်ပါက မွန်ပြည်နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်မီးရရှိသည့်အချိန် ပိုများလာမည်ဖြစ်ရာ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအမြန်ဆုံးပြီးမြောက်အောင် ပူးပေါင်းကူညီဆောင်ရွက်ကြစေလိုကြောင်း မှာကြားပြီး စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုခဲ့သည်။
ယင်းနောက် အမှတ်(၂၁)အကြီးစားစက်ရုံ၌ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးက အမှာစကားပြောကြားပြီး စက်ရုံမှူးဦးဝင်းနိုင်ဦးက စက်ရုံဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်