ပေါင် မေ ၁၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ကန်သာယာရပ်ကွက်၌ (၁၇-၄-၂၀၂၆) ရက်နေ့ (၂၃:၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ခဲ့သော ပြည်သူများကို ပေါင်မြို့နယ် မွန်ညီညွတ်ရေးပါတီကော်မတီဝင် ဦးမင်းဝင်ထွန်းမှ ပံ့ပိုးငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဝင်းနှင့် တာဝန်ရှိသူများက အလှပ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး တစ်အိမ်ထောင်လျှင် (၅၀,၀၀ဝိ/-) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၅၅၀,၀၀ဝိ/-) အား မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)