မုဒုံ မေ ၁၀
မွန်ပြည်နယ် မုဒုံမြို့နယ် အ.ထ.က (ကော့ပရံ) ကျောင်းရှိ ဟောခန်းသစ် အဆောက်အဦ ပန္နက်တင် အုတ်မြစ်ချ မင်္ဂလာအခမ်အနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီးက ဟောခန်းအဆောက်အဦသစ်ကို ကော့ပရံကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာသူ / သား စေတနာရှင်အလှူရှင်များက ကိုယ်ထူကိုယ်ထ တန်ဖိုးငွေကျပ် သိန်း (၂၀၀၀)ဖြင့် အလျား ( ၁၀၈) ပေ၊ အနံ (၃၈) ပေ RC တစ်ထပ် ဆောက်လုပ်မည့် ဟောခန်းအဆောက်အဦနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေး၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ မင်းအောင်မြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း၊ လွှတ် တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက အဆောက်အဦဆောက်လုပ်မည့် မြေနေရာအား ပန္နက်တင် အုတ်မြစ်ချ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ မုဒုံမြို့နယ်၂၀၂၆ -၂၀၂၇ ပညာသင်နှစ် အ.မ.က(မုဒုံဦး)ဘက်စုံသုံးခန်းမ ဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးသက်ထွေး၊ ဒုတိယလွှတ်တော် ဥက္ကဋ္ဌ မင်းအောင်မြင့်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည် နယ်ပညာရေးမှူး၊ အလှူရှင် ဦးသန်းအောင်နှင့် တာဝန်ရှိသူများက ဘက်စုံသုံးခန်းမဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ ခန်းမကျောင်းဆောင်သစ်အား လှူဒါန်းငွေကျပ်သိန်း (၂၅၀၀)တန်ဖိုးရှိ ( ၆၀ × ၃၅ ) ပေ RC တစ်ထပ်ဘက်စုံ သုံးခန်းမဆောင်ဖြစ်ပြီး အလှူရှင် ဦးသန်းအောင်မှလှူဒါန်း၍ ခန်းမဆောင်သစ်နှင့် ပတ်သက်သည့် အချက်အလက်များ ကိုပေးအပ်ရာ ပြည်နယ်ပညာရေးမှူးမှ လက်ခံကာ ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုမှတ် တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဘက်စုံသုံးခန်းမဆောင်သစ်ကိုလှည့်လည်ကြည့်ရှု၍ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်းသိရသည်။
ရာမည (ပြန်/ဆက်)