ဖယ်ခုံ မေ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၆-၂၀၂၇ခုနှစ်၊ မြို့နယ်အားကစားပြန်လည်ဖွံ့ဖြိုးရေးအတွက် မြို့နယ်အားကစားကော်မတီဥက္ကဋ္ဌ ချစ်ကြည်ရေးဖလားအလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲကို ဖယ်ခုံမြို့၊ ညောင်ကုန်း ရပ်ကွက်ရှိမြို့နယ်အားကစားကွင်းတွင်ကျင်းပလျက်ရှိသည်။
ဖယ်ခုံမြို့နယ်အားကစားနှင့်ပညာဦးစီးဌာနမှ မြို့နယ်အားကစားအဆင့်အတန်း ပြန်လည်တိုးတတ်မြှင့်မားလာစေရန်၊ ကျေးရွာ/ရပ်ကွက်များမှ မျိုးဆက်သစ်လူငယ်အားကစားသမားများ ထွက်ပေါ်လာစေရန်၊ အားကစားကို ပြည်သူလူထုတစ်ရပ်လုံးက စိတ်ပါဝင်စားလှုပ် ရှားဆောင်ရွက်လာ စေရန်ရည်ရွယ်၍ မြို့နယ်အားမြို့နယ် အားကစားကော်မတီဥက္ကဋ္ဌချစ်ကြည် ရေးဖလား အလွတ်တန်း ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲများကို ၅-၅-၂၀၂၆ ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားလျက်ရှိသည်။
အဆိုပါ မြို့နယ်အားကစားကော်မတီဥက္ကဋ္ဌ ချစ်ကြည်ရေးဖလား အလွတ်တန်းဖိတ်ခေါ် အမျိုးသား ဘောလုံးပြိုင်ပွဲကို အုပ်စု(က)တွင်နန်းတုတ်၊ ဇော်ဂျီလေး၊ MOC-7FC၊ မိုးဗြဲလူငယ်FC အသင်းများမှ လည်းကောင်း၊ အုပ်စု(ခ)တွင်ကုန်းဆုံ၊ နန်းဟူး၊ 125-FC ၊ ပုန်းလေားအသင်းများမှလည်းကောင်း၊ အုပ်စု(ဂ)တွင်နန်းတော်ကျား၊ ညောင်ပင်သာ၊ ဟိန်ဓမ္မ၊ လျှပ်စစ် အသင်းများကလည်းကောင်း၊ အုပ်စု (ဃ)တွင်လွယ်စေတီ၊ ညောင်ကုန်း၊ အရှေ့ကာလ၊ လွယ်ပသာ အသင်းများကလည်းကောင်း၊ စုစုပေါင်းဘောလုံးအသင်း(၁၆)သင်းတို့ဖြင့် ဘောလုံးပြိုင်ပွဲအား(၅-၅-၂၀၂၆)ရက်နေ့မှ(၂၄-၅-၂၀၂၆) ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်းမြို့နယ်အားကစားမှူး ဒေါ်ဂျက်စတင်းထံမှသိရသည်။
မြို့နယ်၊ ပြန်/ဆက်