ရန်ကုန် မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန မှော်ဘီခရိုင်ရဲတပ်ဖွဲ့ မှမှုခင်းကျဆင်းရေးအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်၁၀နာရီကအမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း၊ ရွှေရတုခန်း မ၌ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မှော်ဘီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ငွေတင်၊ မှော်ဘီခရိုင်ဥပဒေအရာရှိ ဦးဇော်ခိုင်၊အမှတ်(၆၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးအောင်ဇော် ၊မှော်ဘီမီးသတ်ဦးစီးမှူးဇင်သက်ထူး၊စားသုံးသူရေးရာဦးစီးဌာနဒုဦးစီမှူးဒေါ်ဖြူဖြူမြင့်တို့ကဆတ် သွားတောကျေးရွာအတွင်းရှိပြည်သူများအား“လူမှုဘဝတိုးတက်ဖို့တရားဥပဒေစိုးမိုးရေးအားလုံးအတူ ပါဝင်ဆောင်ရွက်စို့”ဆောင်ပုဒ်နှင့်အညီမှုခင်းကြိုတင်ကာကွယ်ရေးအတွက်မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှထုတ်ဝေသော မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေးအသိပညာပေးလက်ကမ်းစာစောင်များ၊အွန်လိုင်းလိမ်လည်မှုများအသိပညာပေးလက်ကမ်းစာစောင်နှင့်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များအားဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)