မြစ်ကြီးနား ဇန်နဝါရီ ၁၆
ကချင်ပြည်နယ်၊ လူမူဝန်ထမ်းဦးစီးဌာနမှ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီနှင့် အမျိုးသမီး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ နံနက် ၁၀ နာရီတွင် ပြည်နယ် လူမူဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ခရိုင်အမျိုးသမီး ကော်မတီဥက္ကဋ္ဌ ကိုယ်စားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားမှူး ဦးတင်ဇော်ဇော်အောင်မှ အမှာစကားပြောကြားရာတွင် ကလေးသူငယ်ဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီဖွဲ့စည်း ဆောင်ရွက်ထားရှိမူများ၊ ကလေးသူငယ်ဥပဒေနှင့် အမျိုးသမီး များအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာန အလိုက် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်မူများ၊ ကလေးသူငယ်နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မူ များ ရရှိနိူင် ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမူအခြေအနေများကို ရှင်းလင်းပြောကြားပြီး ခရိုင်လူမူ ဝန်ထမ်း ဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝေဝေနိူင်မှ ကလေးသူငယ်နှင့် အမျိုးသမီး များအခွင့်အရေး အပြည့်အဝရရှိခံစားနိုင်ရန်အတွက် ကလေးသူငယ်နှင့် အမျိုးသမီးများအား ကာကွယ် စောက်ရှောက်ရေးစီမံခန့်ခွဲမူ စီမံချက်နှင့် လုပ်ငန်းဆောင်ရွက်ချက်အခြေအနေများကို ရှင်းလင်းဆွေးနွေး ခဲ့သည်။
ဆက်လက်ပြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီ၊ လူမူရေးအသင်းအဖွဲ့နှင့် INGO များကသက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မူများကို ပရိုဂျက်တာဖြင့်ပြသပြီးနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခိုင်သက်မွန်