ဝိုင်းမော်မြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်များ ထောက်ပံ့ပေးအပ်

ဝိုင်းမော် ဇန်နဝါရီ ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် လူမူရေးပင်စင်များထောက် ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ဆမားခန်းမ၌ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမူရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက စီစစ်ကြီးကြပ်ကွင်း ဆင်း၍ ဂါရဝပြုရန်နှင့် လူမူရေးပင်စင်များ ထောက်ပံ့ပေးအပ် ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသိန်းမြို့မှ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွား (၃၅၅)ဦးတို့အား (၁)ဦးလျှင် (အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာလ(၃) လ အတွက် (၃၀၀၀၀)နှုန်းဖြင့် ငွေကျပ်(၁၀၆၅၀၀၀၀) ကိုသက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များထံသို့ လွှဲပြောင်းပေးအပ်ပြီးသက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ရပ်ကွက်/ ကျေးရွာအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား အိမ်တိုင်ရာရောက် သွားရောက် ကွင်းဆင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခိုင်သက်မွန်