ကျိုက်ထိုမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

ကျိုက်ထို မေ ၁၀     

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ် ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းက ဖက္ကလိပ်ကျေးရွာ ဖက္ကလိပ်ပရိယတ္တိစာသင်တိုက်ဝင်းရှိ ဓမ္မာရုံ၌ ဆောင်ရွက်သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်လက်ထောက်ဦးစီးမှူး ဦးစောဥက္ကာနှင့် ဝန်ထမ်းများက ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာရှိ အသက် (၁၀) နှစ်နှင့်အထက် ရပ်ကွက်‌‌နေပြည်သူများအား Biographic & Biometric အချက်အလက်များ ကောက်ယူ၍ UID နံပါတ်များအား ရပ်ကွက်နေပြည်သူ(၁၈၂)ဦးခန့်ကို နေ့ချင်း ပြီး ထုတ်ပေးဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ရခြင်းမှာ အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်သည် မိမိတို့မိသားစု၏ ဘဝအတွက်အရေးကြီးသလို သားစဉ်မြေး ဆက်အသုံးပြုသွားရမည်ဖြစ်ပြီး မိမိတို့ပညာသင်ကြားရာတွင်လည်းကောင်း၊ ပြည်တွင်း၊ ပြည်ပများ၌ အလုပ်လုပ်ကိုင်ရာတွင် လည်း‌ကောင်း၊ နိုင်ငံသားစိစစ်‌ ရေးကတ်ပြားသည် မရှိမဖြစ်လိုအပ်ပြီး မပျောက်မပျက်အောင် ထိန်းသိမ်းရန် တာဝန်ရှိသူများမှ ရပ်ကွက်နေပြည်သူများအား ပြောကြားကာ နိုင်ငံသားစိစစ် ရေးကတ်ပြားများအား ထုတ်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)