ဒဂုံ မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၌ မေလ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်က AI and Media Literacy for Kids နွေရာသီသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာစန္ဒာမြငြိမ်းက မုဒိတာစကားပြောကြားခဲ့ပြီး သင်တန်းမှတ်တမ်း ဗီဒီယိုဖိုင်ပြသကာ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း ဥက္ကဋ္ဌ ဦးဌေးလင်းမှ သင်တန်းတက်ရောက်ခဲ့သော ကျောင်းသား၊ ကျောင်းသူ များအား သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သင်တန်းတက်ရာက်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား သင်တန်းဆင်း လက်မှတ်နှင့် အသင်းဝင်ကတ်ပြားများ ပေးအပ်ခဲ့ပြီး သင်တန်းသား တစ်ဦးမှ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဉာဏ်မင်းပြည့် (ပြန်/ဆက်)