ကျိုင်းတောင်းမြို့၌ သဘာဝဓာတ်မြေသြဇာကိုယ်တိုင်ထုတ်လုပ်နိုင်ရေး လက်တွေ့သရုပ်ပြ

ကျိုင်းတောင်း မေ ၁၀

ရှမ်းပြည်နယ်တောင်းပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်မြို့ အမှတ် ၇ ရက်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်အနောက်ဘက်ရှိ ဉီးယဉ်ခြံ၌ မေလ ၉ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်တွင် စိုက်ပျိုးရေးမြို့ဉီးစီးမှူး ဉီးစိုင်းကျော်အေးမှ သဘာဝဓာတ်မြေသြဇာ ကိုယ်တိုင် ထုတ်လုပ်နိုင်ရေး လက်​တွေ့သရုပ်ပြခဲ့ကြောင်းသိရသည်။

 ပထဉီးစွာ စိုက်ပျိုးရေးမြို့ဉီးစီးမှူး ဉီးစိုင်းကျော်အေးမှ တောင်သူများအား သဘာဝ ဓာတ်မြေသြဇာထုတ်လုပ်ရာတွင် ပါဝင်သော အဆင့်ဆင့် ပစ္စည်များအကြောင်းရှင်းပြခဲ့ပြီး ​သဘာဝမြေသြဇာသည် မြေစီလွှာကို ထိခိုက်ပျက်စီးစေမှုမရှိကြောင်းနှင့် သဘာဝဓာတ်မြေသြဇာ၏ အကျိုးရလဒ်များအား ရှင်းပြခဲ့သည်။ ထို့နောက် သဘာဝဓာတ်မြေသြဇာထုတ်လုပ်ရာတွင် အသုံးပြုသော တင်လဲရည်နှင့် အသင့်သုံး EM အရည်များအကြောင်းဆက်လက်ရှင်းပြခဲ့သည်။ ထို့နောက် တောင်သူများနှင့်အတူ သဘာဝဓာတ်မြေသြဇာကို သရုပ်ပြဆက်လုပ်ခဲ့ကြပြီး ရရှိလာသော ဓာမြေသြဇာများကိုစနစ်တကျထုတ်ပိုးက အသုံးပြုပုံ၊ အသုံးပြုနည်းများကိုလဲ ကိုယ်တိုင်ရှင်းပြခဲ့ကြောင်းသိရသည်။

ထိုသို့သရုပ်ပြ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်မှာတောင်သူများကို တောင်ယာစိုက်ပျိုးရာတွင် ဓာတ်မြေသြဇာအတွက် အကုန်အကျသက်သာလွယ်ကူစေရန်နှင့် သဘာဝပတ်ဝန်းကျင် အဆိပ်သင့်ခြင်းမှ ကင်းလွတ်စေရန်ရည်ရွယ်ကြောင်း သိရသည်။

ကိုကို(ပြန်/ဆက်)