ကွန်ဟိန်းမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကွန်ဟိန်း မေ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်  ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဦးဝင်းနိုင်က ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊  ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များတို့က ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ မြို့နယ်အဆင့် ဌာန အကြီးအကဲများ က အသီးသီးလက်ခံရယူသည်။

ယင်းနောက် ကွန်ဟိန်းမြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး  ဒေါ်သောင်းသောင်းအေးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း လျာထားချက်တို့အပေါ် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)