မိုင်းယောင်း မေ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က နိုင်ငံ့သားကောင်း တာဝန်ကျေပြည်သူ့စစ်မှုထမ်းများအားကြိုဆိုပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌တွေ့ဆုံကာ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ခဲ့ပြီး သတ်မှတ်ကာလပြည့်မြောက်သဖြင့် နေရပ်သို့ပြန်လာကြသည့် ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)မှ တာဝန်ကျေပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းသုံးဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်တာဝန်ရှိသူများ၊ ပြည်သူများက ကြိုဆိုကြကာ အလုပ်အကိုင် ရရှိရေးကို ဆောင်ရွက်ပေးသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဝမ်ဘိုးအုပ်စု၊ ဝမ်ဘိုးကျေးရွာ၌ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်လျှောက်ထားသည့် မြေနေရာများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း