သုံးခွ ဇန်နဝါရီ ၁၆
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန community centreခန်းမ၌ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်ကော်မတီ၀င် များတွေ့ဆုံပွဲ၊ စာအုပ်လှူဒါန်း ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာမြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေးကအဖွင့်အမှာစကားပြောကြားရာတွင် စာကြည့်တိုက် (၂၇)တိုက်ရှိပြီး ရပ်ကွက်(၁)၊ကျေးရွာ (၂၆)တိုက်ရှိပါကြောင်း၊ ယင်းစာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ပါ၀င်စားသော ကော်မတီများ ပြန်လည် ဖွဲ့စည်းရေးနှင့် စာကြည့်တိုက်များမှတ်ပုံတင်ရေး၊စာကြည့်တိုက် ကော်မတီ၀င်များ ပြန်လည်ဖွဲ့စည်းနိုင်ရေးနှင့်ဖွဲ့စည်းပြီးစီးမှု စာရင်းကို မြို့နယ်ရုံးသို့ပေးပို့ရန် စသည်ဖြင့် ပြောကြားခဲ့သည်။
ယင်း နောက်မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝိတ်က မြို့နယ်အတွင်းမှာရှိတဲ့စာကြည့်တိုက် အားလုံး ရေရှည်ရှင်သန်ဖွံ့ဖြိုး တိုးတက်သော စာကြည့်တိုက်များဖြစ်စေရေး ဆွေးနွေးရာတွင်ရပ်ကွက်နှင့် ကျေးရွာ စာကြည့် တိုက်များရှင်သန် အောင် ဆောင်ရွက်နိုင် ရေးအတွက် စာကြည့်တိုက် ကော်မတီ၀င်နှင့် စာကြည့်တိုက်မှူးတို့ ဖွဲ့စည်းထားရှိရန်နှင့် စာအုပ်စာစောင်များ စုဆောင်းနိုင်ရေးစသည်ဖြင့် ပြောကြားခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေမှ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့်ပြည်သူများ၏ စိတ်ပါ၀င်စားမှုသာ အဓိကအခြေခံ လိုအပ်ချက်ဖြစ်ပါကြောင်း၊အတူတကွပူးပေါင်းပါ၀င် ပံ့ပိုးဆောင်ရွက်နိုင်မှသာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက် လာကြသော ရပ်ကွက်နှင့်ကျေးရွာ စာကြည့်တိုက်ကော်မတီ၀င်များက သိရှိလိုသည်များကို မေးမြန်းရာ တာ၀န်ရှိသူများကပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ စာအုပ်လှူဒါန်းပွဲကိုကျင်းပရာ မြို့နယ်အတွင်းရှိ စာကြည့်တိုက် ၂၇ တိုက် အတွက် သုတ၊ရသ စာအုပ်များကို မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီ၀င်များက ကျေးရွာစာကြည့်တိုက်ကော်မတီ၀င်များထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်