မက်မန်းမြိုနယ်၌ အခြေခံပညာကျောင်းအဆင့်တိုးမြှင့်ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားဆောင်ရွက်

မက်မန်း  ဇန်နဝါရီ     ၁၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းအဆင့် တိုးမြှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မက်မန်းမြို့နယ်မြို့နယ်ပညာရေးမှူး၊ ဒေါ်သန်းထွေးခင်၊ ဒုတိယမြို့နယ် ပညာရေးမှူး၊ ဦးဘုန်းမြင့်၊ ဦးနိုင်ဦး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ တက်ရောက်ကြပြီး(၂၀၂၀-၂၀၂၁)ပညာသင်နှစ်၌ မင်းရန်အောင်အုပ်စု၊ ကောင်းစုံ အ.မ.က(ခွဲ)ကျောင်း အား ကောင်းစုံ (အ.မ.က)ကျောင်းအဖြစ် လည်းကောင်း၊ ဆွတ်ဝိုးအုပ်စု၊ ရောင်ခွန်(အမကခွဲ)ကျောင်းအား ရောင်ခွန် (အ.မ.က)ကျောင်း အဖြစ်လည်းကောင်း ကျောင်းအဆင့်တို့မြှင့်ဆိုင်းဘုတ်တင်ခြင်းအခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သန်းမြတ်စိုး(ပြန်/ဆက်)