ကျိုင်းတုံမြို့နယ်တွင် စိုက်ပျိုး၊ မွေးမြူရေး ကဏ္ဍတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ မေ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် စိုက်ပျိုး၊ မွေးမြူရေး ကဏ္ဍတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မိုင်းဇင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်စီမံအုပ်ချုပ်ရေး‌အဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ သီးထပ်စိုက်ပျိုးရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးကဏ္ဍ၊ သားငါးဖူးလုံရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မင်းက အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံ နေကြာတိုးချဲ့ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာခိုက်မြဲစည်သူက ဥစားကြက်တိုးချဲ့ မွေးမြူရေး၊ ကျွဲနွားများ ခြံလှောင်စနစ်ဖြင့် မွေးမြူရေးလုပ်ငန်းများကို ဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် ဒေသခံစိုက်ပျိုးမွေးမြူရေး တောင်သူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)