မောက်မယ် မေ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၏ ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသက်နိုင်က ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ၂၀၂၆−၂၀၂၇ဘဏ္ဍာရေးနှစ်တွင် မောက်မယ်မြို့နယ်၏ (ဂျီဒီပီ)တိုးတက်နှုန်းကဏ္ဍကြီးများရဲ့ ပါဝင်မှုအချိုးအစားကို လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးတို့၏ တိုးတက်မှုရာခိုင်နှုန်းတိုးတက်အောင်ရည်မှန်းထားကြောင်း၊ ကဏ္ဍစီမံကိန်းရည်မှန်းချက်များနှင့် စီးပွားရေးတိုးတက်မှုနှုန်းများကို ပြည့်မီကျော်လွန်အောင် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ၂၀၂၆−၂၀၂၇ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များအား ကဏ္ဍအလိုက်အသီးသီးပေးအပ်ခဲ့ရာ သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပြီးနောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး ဒေါ်မျိုးအေးသိန်းက ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်ပြီးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)