ပေါင်မြို့နယ်တွင် အမက( ကော့စိုင်) ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာကျင်းပ

ပေါင်  ဇန်နဝါရီ ၁၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊  မုတ္တမကျေးရွာအုပ်စု အမက (ကော့စိုင်)ကျောင်း၌ နှစ်ထပ်ကျောင်း ဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ‌‌ ကျောင်းဝင်းမြေနေရာတွင် ကျင်းပခဲ့သည်။

နှစ်ထပ်ကျောင်းဆောင်ဆောက်လုပ်ရန်အတွက် ပန္နတင်မင်္ဂလာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီး၊ တင်ဒါ‌ အောင်မြင်သည့် ဘုန်းထက်ကြယ်စင်ကုမ္ပဏီမှတာဝန်ခံနှင့် ကျောင်း အကျိုးတောင် ဆောင်တို့မှ သတ်မှတ်နေရာများ အလိုက် ပန္နက်တင်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

အဆိုပါနှစ်ထပ် ကျောင်းဆောင်သစ်အား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေး နှစ်၊ ပြည်‌ေထာင်စုအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှ တင်ဒါ အောင်မြင်သည့် ငွေကျပ်(၁၁၇၀၀၀,၀၀၀)ဖြင့် အလျားပေ ၇၀ ၊ အနံ ပေ ၃၀ ၊  RCC နှစ်ထပ် သံကူကွန်ကရစ် အဆောက်အဦအား ဘုန်းထက်ကြယ်စင် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက် လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)