ကျေးသီးမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန၌ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ကျေးသီး မေ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်ရုံးတွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကလေးကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့်  စာအုပ်စာပေ၊ ကဗျာတို့ကို လေ့လာခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီး နိုင်ငံသားကောင်းများဖြစ်လာရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ ယဉ်ကျေးလိမ္မာရေး၊ အနာဂတ်အတွက် ရည်မှန်းချက်ထားရှိကြရေး စသည့် ကဗျာ၊ စာပေ ဆိုင်ရာတို့ကို ပြောကြားခဲ့သည်။

ယင်းနောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ပြုလုပ်ပေးရာ ကျောင်းသူ၊ ကျောင်းသားတို့က တပျော်တပါး ပါဝင်ရှင်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသူတို့အား ဆုချီးမြှင့်ပေးသည်။

မြို့နယ်(ပြန်/ဆက်)