မိုင်းခတ်၌ မသန်စွမ်းသူများဆိုင်ရာအသိကညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

မိုင်းခတ်  ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း  အသိပညာပေးခြင်း အစီအစဉ်များ Online မှ တဆင့်ပြည်သူများထံ အသိပညာပေးဆောင်ရွက်လျက် ရှိရာ ယမန်နေ့ နံနက်ပိုင်းက မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကိုလူထုအခြေပြုဗဟိုဌာန (Community Centre ) တွင်ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင် က Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်မာဂရက်ကမသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ပေးနေမှုအကြောင်း၊ ကိုယ်ဝန် ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသောအသက်၂နှစ်အောက် ကလေးငယ်များအား ငွေးကြေးထောက်ပံ့ပေးနေမှုအကြောင်း၊ သက်ကြီးဘိုးဘွား များအား ထောက်ပံ့ငွေပေးနေမှုအကြောင်းနှင့် အခြားလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအကြောင်းများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မိုးဒေ (ပြန်/ဆက်)