တန့်ယန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း ပူးပေါင်းဆောင်ရွက်

တန့်ယန်း မေ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် ရေတွင်း၊ ရေကန်များအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ယမန်နေ့ နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက်တွင် ပူးပေါင်းဆောင်ရွက်သည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ကျန်းမာရေးဆရာမ ဒေါ်မြင့်မြင့်ထူးကျော်နှင့် တာဝန်ရှိသူတို့ကလည်းကောင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် ရေတွင်း၊ ရေကန်တို့အား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်မှတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)