ကုန်သည်စက်မှုအသင်းချုပ်ရှိ အလုပ်ရှင်အဖွဲ့အစည်းဌာန (EOD) မှ ဦးဆောင်ကျင်းပသည့် “ ကိုဗစ်-၁၉ နှင့်အတူ ယှဉ်တွဲနေထိုင် ခြင်း” ဆွေးနွေးပွဲ ကျင်းပ

လမ်းမတော် ဇန်နဝါရီ   ၁၆

ကိုဗစ်ကာလအတွင်း စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများလုပ်ကိုင်ရာတွင် သိသင့်သိထိုက်သည်များအား ကုန်သည်စက်မှုအသင်းချုပ်ရှိ အလုပ်ရှင်အဖွဲ့အစည်းဌာန (Employers Organization Department-EOD) မှ တင်ပြဆွေးနွေးခဲ့ သည့် “ ကိုဗစ်-၁၉ နှင့်အတူ ယှဉ်တွဲနေထိုင်ခြင်း” Seminar အား ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ Seminar တွင် အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် ပါဝင်ဆွေးနွေးခဲ့ပြီး အလုပ်ရှင်အဖွဲ့အစည်းဌာန (EOD) မှ ဌာနမှူး ဦးမြင့်ကျော်မှ ကိုဗစ်ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များတွင် လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်မှသတ်မှတ်ထားသော ပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သင့်သော အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေး နွေးခဲ့ သည်။  ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသော စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်ဌာနများသို့ လမ်းညွှန်ချက် (Version 5.0) အား ဖော်ပြပါ Link: https://bit.ly/ 39 CTUiO တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။

ရှင်းလင်းဆွေးနွေးပွဲတွင် တက်ရောက်လာသည့် လုပ်ငန်းရှင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များမှ မေးခွန်းများ ပြန်လည်မေးမြန်းခြင်း အစီအစဉ်များ လည်း ပါဝင်ခဲ့ကာ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းရှင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ EOD ဌာနမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

 အသင်းချုပ် အလုပ်ရှင်အဖွဲ့အစည်းဌာန (EOD) သည် အလုပ်ရှင်များအတွက် လိုအပ်မည့် သတင်း အချက် အလက်များ ဖြန့်ဝေပေးခြင်း၊ အလုပ်သမားဥပဒေရေးရာသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ အလုပ်သမား ရေး ရာ အကြံဉာဏ်များ ဆောင်ရွက်ပေးခြင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှုများတွင် အလုပ်ရှင်အတွက် လိုအပ် သည့်ကူညီပံ့ပိုးမှုဆောင်ရွက်ပေးခြင်း၊ အလုပ်သမားဥပဒေများပြင်ဆင်ရေးဆွဲရာတွင် အလုပ်ရှင် ကိုယ်စားပြုပါဝင်ဆောင်ရွက်နေသူများအား လိုအပ်သည့် အချက်အလက်နှင့် ဥပဒေရေးရာ အထောက်အပံ့များ ပံ့ပိုးပေးခြင်း စသည့် ဝန်ဆောင်မှုများအား ဆောင်ရွက်ပေးလျက်ရှိသည်။

ကျော်ဆန်း (လမ်းမတော်)