ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံအခြေစိုက်၊ Korea Chamber of Commerce (KOCHAM) မှ ဥက္ကဋ္ဌ Mr. Park Jeong Hwan နှင့် အဖွဲ့ဝင် (၂) ဦးတို့သည် ကိုဗစ်ကာလအလွန် အသင်းချုပ်နှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ လာရောက်တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လက်ရှိကျန်းမာရေးအခြေအနေများ၊ ကိုဗစ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အသင်းချုပ်မှ ပါဝင်ဆောင်ရွက်မှုအခြေအနေများ၊ စီးပွားရေးအခြေအနေများ၊ ဆေးဝါးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အသေးစားနှင့် အလတ်စား စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ ဖြစ်ကြသော ဒေါ်ခိုင်ခိုင်နွယ်၊ ဒေါက်တာဝင်းစည်သူ၊ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ကျော်ဆန်းမြင့် (လမ်းမတော် -ပြန်/ဆက်)