မရမ်းကုန်း ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀နာရီအချိန်က ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေနှင့်အညီ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းလုပ်ငန်းစဉ်များရှင်းလင်းခြင်း အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါလုပ်ငန်းဆိုင်ရာများအား မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းချစ်မှ power point ဖြင့်အသေးစိတ် ရှင်းလင်းပြသခဲ့ပြီး ရှင်းလင်းခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြောင်းသိရသည်။
အေးအေးအောင်( ပြန်/ဆက်)