နမ့်ခမ်းမြို့နယ်အတွင်းရှိ ပြည်သူများအား အစိုးရသစ်လက်ထက် ရက်(၁၀၀)ကာလ လမင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

မူဆယ် မေ ၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ပြည်သူများအား အစိုးရသစ် လက်ထက် ရက်(၁၀၀)ကာလ လမင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ယာယီရုံးဖွင့်လှစ်ထားရှိသည့် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ငွေဆင်အိမ်ရာတွင် မေလ (၅) ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နမ့်ခမ်းမြို့နယ်ဦးစီးမှူးရုံး (ယာယီ)ရုံးခွဲအား မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ငွေဆင်အိမ်ရာတွင် ဖွင့်လှစ်ထားရှိပြီး နမ့်ခမ်းမြို့နယ်အတွင်းမှ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်း နှင့် UID ကောက်ယူခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စည်းရုံးချိတ်ဆက်ဖိတ်ခေါ်၍ လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ၃(က) ၉ ဦး၊ ၆ (က) ၄ ဦး၊ မွေးတိုး ၁၉ ဦး၊ သေဆုံး ၁၃ ဦး၊ မြို့နယ်တွင်းပြောင်းဝင် ၁၀ ဦး၊ ပြောင်းထွက် ၃ ဦး၊ စုစုပေါင်း ၅၈ ဦးနှင့် UID ကောက်ယူခြင်း ၄၀ ဦးကို ဆောင်ရွက်ပေးသည်။

အဆိုပါ ဆောင်ရွက်သည့်နေရာသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွာဝင်း(ခ) Mအောင်ဂျာနှင့် ဦးကျော်သိန်းအောင်၊ မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းမင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင် ဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် မြို့နယ်ဦးစီးမှူး ဦးနိုင်ထူးမြင့်၊ နမ့်ခမ်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းအောင်တို့က ပူးပေါင်းဆောင်ရွက်ပြီး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID ကတ်ပြားများကို ပြည်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)