ကျေးသီးမြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

ကျေးသီး မေ ၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မေလ (၅) ရက်နေ့နံနက် (၁၀)နာရီ၌ စာရေးဆရာ ဖေမြင့်၏ “ချုံကြားမှ ဘုံဖျားသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အသင်းဝင်များတက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကျေးသီးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန်၊စာပေမှ ဗဟုသုတများ ရရှိစေရန်၊  တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင် ဗဟုသုတ တိုးပွားစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏  ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသည့် စာပေချစ်သူများအား စာပေကို မြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် မျိုးဆက်သစ် စာရေးဆရာများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက စာရေးဆရာ ဖေမြင့်၏ “ချုံကြားမှ ဘုံဖျားသို့”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးကျင်းပခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)