ဆီဆိုင် မေ ၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကမ္ဘာ့စာနပ်ရိက္ခာအစီအစဉ်(WFP)၏ အစီအစဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် မြကန်သာရပ်ကွက်ရှိ ဇဝနရာမစာသင်တိုက်၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်နှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ထောက်ပံ့ရာတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ အစီအစဉ်ဖြင့် ရောင်ခြည်ဖွံ့ဖြိုးမှုအသင်း၊ တောင်ကြီးရုံးခွဲ တာဝန်ခံ ဦးရန်မျိုးအောင်နှင့် အဖွဲ့မှ ဆီဆိုင်မြို့ပေါ် (၆) ရပ်ကွက်နှင့် နောင်ကျော့ကျေးရွာအုပ်စု၊ တဘက်ကျေးရွာအုပ်စု၊ တောင်ရှေ့ကျေးရွာအုပ်စုတို့ရှိ အခြေခံ စားနပ်ရိက္ခာလိုအပ်သည့် အိမ်ထောင်စုဝင်များ၊ အသက် ၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များပါဝင်သော အိမ်ထောင်စုများအား နှစ်လစာ (ဧပြီ၊ မေ) အတွက် တစ်ဦးလျှင် ဆန် ၁၃ ပြည် ၄ ဘူး၊ ဆီ ၂ လီတာ၊ ဆား ၂၀ ကျပ်သား၊ ပဲဝါလေး ၁၄ ဘူးနှင့် အာဟာရမှုန့် ၄ ထုတ်နှုန်းတို့ဖြင့် မေလ ၈ ရက်နေ့အထိ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)