လဲချားမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွား လည်ချောင်းကွဲရောဂါကာကွယ်ဆေးများ ထိုးနှံပေး

လဲချား မေ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားများ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို မေလ ၅ ရက်နေ့က မြို့မကျေးရွာအုပ်စု ဟိုနောင်လုံကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမျိုးလှိုင်ဝင်းက ကျေးလက်ပြည်သူများ တိရိစ္ဆာန်များ မွေးမြူရာတွင် ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး၊ ရောဂါများမကျရောက်စေရေးနှင့် တစ်စုံတစ်ရာထူးခြားလက္ခဏာများတွေ့ရှိပါက အကြောင်းကြားပေးရန် အသိပညာပေးပြောကြားခဲ့ပြီး ကျွဲ၊ နွားကောင်ရေ(၁၅၀)အား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)