နောင်ချိုမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဖိတ်ခေါ်ဆောင်ရွက်

နောင်ချို        မေ  ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်အရအသက်၁၀နှစ်နှင့် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလ ၅ရက်နေ့က နောင်ချိုမြို့နယ် ဦးစီးမှူးရုံးစိုက်ရာ စျေးရပ်ကွက် မြို့လယ်ဓမ္မာရုံသို့ဖိတ်ခေါ်၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်းများက အသက်၁၀နှစ်နှင့်အထက် မှတ်ပုံတင် အသစ် ပြုလုပ်ပေးခြင်း၊ အသက်၁၈နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီးမှတ်ပုံတင်များအား အသစ်လဲလှယ် ပေးခြင်းများနှင့် UID ကတ်များအား နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့သည်။

နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့်ရက် (၁၀၀)စီမံချက်ဖြင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများအားကျေးရွာများ အရောက်ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိပြီး သွားလာရေးခက်ခဲသော ကျေးရွာအုပ်စုများအား မြို့နယ်ရုံးသို့ဖိတ်ခေါ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ်၊ ပြန်/ဆက်