နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

တောင်ကြီး မေ ၆

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာန နှစ် (၈၀) ပြည့် မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီခွဲက တောင်ကြီး-ဟိုပုံးမြို့အထွက် (၂) မိုင်တောင်ကြီး ခရိုင်မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးစွမ်းရည်သရုပ်ပြသရာ အထပ်မြင့်အဆောက်အဦရှာဖွေကယ်ဆယ်ရေးအတွက် အသက်ကယ်ကြိုးများ အသုံးပြု၍ သရုပ်ပြသခြင်း၊ အထပ်မြင့်ပေါ်တွင် ပိတ်မိနေသောလူနာအား Hydraulic Platformဖြင့် ကယ်ဆယ်ခြင်း၊ အထပ်မြင့်မီးလောင်မှုအား LUF Nano ဖြင့် မီးငြှိမ်းသတ်ခြင်း၊ ဂတ်(စ်)အိုးမီးလောင်မှုအား အအေးပေးစနစ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ ဆီသိုလှောင်ကန်မီးလောင်မှုအား မီးငြှိမ်းသတ်သရုပ်ပြသခြင်း၊ Ventilator နှင့် 3D Nozzle အသုံးပြု၍ အအေးပေးခြင်း၊ ဓာတုဗေဒအမြှပ်ဆေးရည် (Foam) အသုံးပြု၍ ဆီမီးလောင်မှုအား မီးငြှီမ်းသတ်သရုပ်ပြသခြင်းများကို ဆက်တိုက်လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းသန်းကျော်