ကျိုင်းတုံမြို့နယ်တွင် ရက်၁၀၀စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ရေးဆိုင်ရာ ပညာပေးပိုစတာစိုက်ထူ

ကျိုင်းတုံ        မေ      ၆

ရှမ်းပြည်နယ်(အရှေပိုင်း)၊ ကျိုင်းတုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်ဖြင့် မွေးမြူ‌ရေးလုပ်ငန်းများဖွံ့ဖြိုး‌ရေးအတွက် ‌ရောဂါကာကွယ်ရေးဆိုင်ရာ ပညာပေးပို စတာများစိုက်ထူခြင်းကို မေ ၅ ရက်က ကျိုင်းတုံမြို့၊ နောင်နွန်းစစ်ရေးဂိတ်အနီး၊ နောင်ဖာပူးပေါင်း ဂိတ်အနီးနှင့် အရှေ့မြို့ပတ်လမ်းဆုံများတွင် ဆောင်ရွက်သည်။

ထိုသို့ ရက် ၁၀၀ စီမံချက်ဖြင့် ‌ရောဂါကာကွယ်ရေးဆိုင်ရာ ပညာပေး ပိုစတာများစိုက်ထူခြင်းနှင့် မြို့နယ်တွင်း မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးစေရန် နို့စားနွား၊ မေထုန်မဲ့သားစပ်ခြင်း၊ ကျွဲ/နွား ခွာနာလျှာနာ၊ ဒေါင့်သန်းရောဂါ၊  ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်-၂ ဦးမင်းညို၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး  ဒေါက်တာမျိုးနိုင်နှင့် ခရိုင်  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင် ရွက်ပေးသည်။

ကျိုင်းတုံမြို့နယ်အတွင်း ကျွဲ၊ နွား၊ ဝက်၊ ကြက် စသည့် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးစေရန် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် မိသားစု တစ်ပိုင်တစ်နိုင်မွေးမြူရေး ဖွံ့ဖြိုးလာစေရန်ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာခိုင်မြဲစည်သူနှင့်ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)