ကလော မေ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် အားကစားနှင့်ကာယညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ Football For School Program အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ဘောလုံးသင်တန်းဖွင့်ပွဲကို မေလ ၄ ရက်နေ့ မွန်းလွှဲ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးထွန်းဝင်းက ဘောလုံးသင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဘောလုံးသင်တန်းတက်ရောက်မည့် အားကစားသမားများအား အားကစားဘောလုံးနှင့် အားကစားဝတ်စုံများကို တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
အဆိုပါအားကစားဘောလုံးသင်တန်းတွင် ကလောမြို့နယ်ရှိ အခြေခံပညာကျောင်း (၁၆) ကျောင်းမှ သင်တန်းသား (၃၀၃) ဦးတို့ကို ၂၀၂၆ ခုနှစ် မေလ ၄ ရက်နေ့မှ ၂၂ ထိ သက်ဆိုင်ရာကျောင်းများတွင် အားကစားနည်းပြများက သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)