ပင်လုံ မေ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဥ်ဖြင့် စက်ချုပ် သင်တန်းဖွင့်ပွဲကို မေလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရာဇာကစီမံကိန်းသင်တန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းခဲ့သည်။ ထို့နောက် လွိုင်လင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ်က သင်တန်းသားများအား သင်တန်းတွင်အသုံးမည့်စက်ပစ္စည်းများပေးအပ်၍ လွိုင်လင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းဝင့်ဝင့်ဆွေက သင်တန်း သားများအား သင်တန်းသုံးကုန်ကြမ်း ပစ္စည်းများပေးအပ်ခဲ့ပြီးအခမ်းအနားပြီးမြောက်ခဲ့ကြောင်းသိရသည်။
၄င်းအခမ်းအနားသို့ လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ လွိုင်လင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့်အဖွဲ့ဝင်များ၊ စာပေယဥ်ကျေးမှုဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသောဧည့်သည်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ သင်တန်းဆရာနှင့် သင်တန်းသူ၊ သင်တန်းသားများတက်ရောက်ခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ သင်တန်းသုံးကုန်ကြမ်းပစ္စည်းများအား လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါစက်ချုပ်သင်တန်းသို့ သင်တန်းသူ(၁၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလ(၄၅)ရက် ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)