ဗဟန်းအမျိုးသမီးဆေးရုံ၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ်ကျင်းပ

ရန်ကုန် ဧပြီ

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ်ကို ယမန်နေ့ နံနက်ပိုင်းတွင် ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ ဗဟန်းအမျိုးသမီးဆေးရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက မွေးစမှအသက် (၁) နှစ်ခွဲအထိ ကလေးငယ်များအား အသက်အလိုက် ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း အစီအစဉ်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များမှ ပူးပေါင်းပါဝင်၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကလေးငယ်များအား သောက်ရေသန့်နှင့် အရုပ်များ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

​အောင်မြင့် (ပြန်/ဆက်)