မူဆယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါး၊ နေကြာမျိုးစေ့နှင့် သဘာဝ မြေဩဇာများ ချီးမြှင့်ပေးအပ်

မူဆယ်          မေ    ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး၊ နေကြာမျိုးစေ့နှင့် သဘာဝမြေဩဇာ ချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်ပွဲတွင် မူဆယ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဆန်းဦးနှင့် မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းတို့က စိုက်ပျိုးတောင်သူများအား အမှာစကားများ ပြောကြားခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းအောင်က မိုးစပါးနှင့် နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့်သဘာဝမြေဩဇာ ချီးမြှင့်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။

ယင်းနောက် မျိုးစပါး၊ နေကြာမျိုးစေ့နှင့် သဘာဝမြေဩဇာများကို ရှမ်းပြည်နယ် လွှတ်တော်ကိုယ် စားလှယ် ဦးကျော်စွာဝင်း (ခ) M အောင်ဂျာနှင့် ဦးကျော်သိန်းအောင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဆန်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းအောင်တို့က တောင်သူများလက်ဝယ်သို့ ပေးအပ်ရာ တောင်သူများမှ လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။     

ချယ်ရီမြေ(မူဆယ်)