၂၀၂၆ ခုနှစ် ဘတ်စကက်ဘော Training for Trainers သင်တန်းဖွင့်လှစ်ပို့ချ

ရန်ကုန် မေ ၆

အားကစားရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် ဘတ်စကက်ဘော Training for Trainers သင်တန်းဖွင့်လှစ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်မြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ကျိုက္ကဆံ ဘတ်စကက်ဘော အားကစားရုံ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲ အစီအစဉ်အရ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြင့်သိန်းနှင့် ဦးမင်းလွင်၊ အမှုဆောင် ဦးရဲအောင်တို့နှင့် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ကျော်ဝင်းတို့က အသီးသီးအမှာစကား ပြောကြားခဲ့ကြသည်။

Training for Trainers  သင်တန်းကို မေလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ နေ့စဉ်နံနက် ၈ နာရီ မှ ၁၁ နာရီထိ၊ နေ့လယ် ၂  နာရီ မှ ၄ နာရီအထိ သင်တန်းနည်းပြဆရာ ၅ ဦးတို့က ပို့ချပေးကြမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသား ၂၄ ဦးနှင့် သင်တန်းသူ ၁၆ ဦးတို့ တက်ရောက်ကြကြောင်းနှင့် ၂၀၂၇ ခုနှစ်၊ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးရည်မှန်းပြီး ယခုသင်တန်းကို ဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)