ပူတာအို မေ ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းများနှင့်ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှုစီမံကိန်းလုပ်ငန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို မေ(၄) ရက်နံနက်(၁၁)နာရီက ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းက ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းများနှင့်ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြှပ်နှံမှု စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေးဝိုင်းဝန်းဆောင်ရွက်ကြရေးနှင့် စီမံကိန်းလုပ်ငန်းတာဝန်များ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းက ပူတာအို/ မချမ်းဘော/ နောင်မွန်း/ ခေါင်လန်ဖူးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများထံ ဒေသန္တရစီမံ ကိန်းတာဝန်များလွှဲပြောင်းပေးအပ်သည်။
အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ပူတာအို/ မချမ်းဘော/နောင်မွန်/ ခေါင်လန်ဖူးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)