ဒဂုံမြောက် မေ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) Football For School Program အရ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားကွင်း၌ ဘောလုံးသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ Football For School Program အရ ဖွင့်လှစ်သည့် ဘောလုံးသင်တန်းအား သင်တန်းသား ၅၀ ဦး၊ သင်တန်းသားနည်းပြ ၄ ဦးဖြင့် မေလ ၄ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့ထိ ဖွင်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဘောလုံးသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အခြေခံပညာကျောင်းများမှ ဘောလုံးဝါသနာပါသူ သင်တန်းသား ၅၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
မြင့်မြင့်ရီ