သထုံ မေ ၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်း စစ်ဆေးကုသပေးခြင်း စသည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၌ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းဦး၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကြာပန်စကျေးရွာအတွင်း၌ အသက် (၅) နှစ်အောက် ကလေးအာဟာရစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အသက် (၄၀) နှစ်အထက်တို့အား သွေးတိုးဆီးချိုစစ်ဆေးခြင်း၊ ငှက်ဖျားသွေးဖောက်စစ်ဆေးခြင်း၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးခြင်း စသည့်ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)