ချမ်းအေးသာစံ မေ ၆
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်မှ ကြီးမှူးကာ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးငါးခုတိူ့တွင် တစ်ပြိုင်တည်းကျင်းပပြုလုပ်သည့် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဥ်(၂၃၈) သင်တန်းဆင်းပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ မေလ ၅ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်ခင်သီက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ သင်တန်းဖွင့်လှစ်သင်ကြားပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါသင်တန်းကာလကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
သင်တန်းတွင် အခြေခံစာရင်းရေး စာရင်းကိုင်ပညာ၊ စတိုပစ္စည်းစာရင်းထားနည်း၊ ဦးစီးဌာနစာရင်းပညာ၊ ဘဏ္ဍာရေးစည်းမျဥ်း၊ ဝန်ထမ်းစည်းမျဥ်းနှင့် ရုံးစာရေးသားနည်း ဘာသာရပ်များအား သင်ကြားပို့ချခဲ့ပြီးဝန်ကြီးဌာန ၁၈ ခုမှ သင်တန်းသား၊ သင်တန်းသူ ၄၉ ဦး၊ ပြန်လည်ဖြေဆိုမည့် ဝန်ကြီးဌာနခြောက်ခုမှ သင်တန်းသား၊ သင်တန်းသူ ၁၂ ဦး၊ စုစုပေါင်း သင်တန်းသား ၆၁ ဦးတက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)