ကျောက်ဆည်မြို့၌ ‌လေပြင်းဘေးကျရောက်ခဲ့သည့် လူနေအိမ်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကျောက်ဆည် မေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဧပြီ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက တိုက်ခိုက်ခဲ့သည့် လေပြင်းကြောင့် ပျက်စီးသွားသည့် လူနေအိမ်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို မေ ၄ ရက်နေ့ ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ရာတွင် ဘုံကွင်းကျေးရွာအုပ်စုနှင့် သူငယ်တော်ကျေးရွာအုပ်စုတို့၌ လေပြင်းဘေးတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် ၅ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ၅၀၀,၀၀၀/-ကျပ်နှင့် လူဦးရေ ၁၉ ဦးအတွက် ၇ ရက်စာ ဆန်ရိက္ခာဖိုးငွေ ၉၅,၀၀၀/-ကျပ်၊ အိမ်ထောင်စုတစ်စုအတွက် တန်ဖိုးငွေ ၅၃၈,၃၉၀/- ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ စုစုပေါင်းကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့မှုတန်ဖိုးငွေ ၁,၁၃၃,၃၉၀/- ကျပ်အား လေပြင်းသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 သက်မောင်