ကျောက်တန်းမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ Pilot Project အစီအစဥ်ဖြင့် Football For School Program အရ ဘောလုံးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကျောက်တန်း မေ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ Pilot Project အစီအစဥ်ဖြင့် Football For School Program အရ ဘောလုံးသင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ကျောက်တန်းမြို့ အနောက်ပိုင်းရပ်ကွက် ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို ကျောက်တန်းမြိနယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ အခမ်းအနားသို့ ကျောက်တန်းမြို့နယ် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦး၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်သူများ တက်ရောက်ခဲ့သည်။

သင်တန်းအား မေ ၄ ရက်နေ့မှ စတင်၍ သင်တန်းသား ၇၀ ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)