ကျောက်ပန်းတောင်း မေ ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးအပေါ်ထပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က နှစ် (၈၀) ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အရန်မီးသတ် ဒုတိယတပ်ရင်းမှူးနှင့် တပ်ခွဲမှူးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး၊ မြို့နယ်အဆင့်မီးသတ်ကျင့်ဝတ်အကြပ်အဆင့်နှင့် တပ်သားအဆင့်ဖြေဆိုရာတွင် ဆုရရှိခဲ့ကြသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး နိုင်ဝင်းထွန်းက ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ဝန်ထမ်းနေအိမ်လိုင်းခန်းများ အသန့်ရှင်းဆုံးဆုများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းလတ်က ဆုများပေးအပ်ချီးမြှင့်ပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်က မီးသတ်စခန်းအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ၊ မီးသတ်တပ်ဖွဲ့သန္ဓေတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၂၃ ဦးတက် ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင် (ပြန်/ဆက်)