သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းတွင်းစစ်ပြင်ပဖြေ စာမေးပွဲဆက်လက်ကျင်းပ

သပိတ်ကျင်း မေ ၅

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် Grade-10 နှင့် Grade-11 ကျောင်းတွင်းစစ် ပြင်ပဖြေစာမေးပွဲကို သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် ယနေ့နံနက်၉နာရီက အင်္ဂလိပ်စာဘာသာရပ်ကို ဆက်လက်ဖြေဆိုနေကြောင်းသိရသည်။

သပိတ်ကျင်းခရိုင်အနေဖြင့် အ.ထ.က၊ သပိတ်ကျင်းတွင်‌(၉၆)ဦး၊ အထက-၁ မိုးကုတ်တွင် (၁၃၃)ဦး စုစုပေါင်း(၂၂၉)ဦးလာရောက်ဖြေဆိုခဲ့ကြပြီး မေ ၁၁ ရက်အထိ ဖြေဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစာမေးပွဲကျင်းပရာသို့ သပိတ်ကျင်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ လာရောက်ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)