မိတ္ထီလာ မေ ၅
မိတ္ထီလာမြို့၌ နှစ်(၈ဝ) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက ခရိုင်မီးသတ်ဦးစီးဌာနမှူးရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက နှစ်(၈ဝ)ပြည့် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့နေ့မိန့်ခွန်းကို ဦးစွာပြောကြားသည်။
ထို့နောက် ခရိုင်အတွင်းရှိ ထူးချွန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ် ချီးမြှင့်ခံရသည့် ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့မှအရာရှိများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးကျော်တင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြသွင်(ခ) ဦးမြင့်ဆန်းနှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းတို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ