ပျော်ဘွယ် မေ ၅
ပျော်ဘွယ်မြို့နယ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အာရုဏ်ဆွမ်းလောင်းလှူခြင်းနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပခြင်းကို မေလ ၅ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံဃာတော်အပါး ၃၅၀ နှင့် သီလရှင်များအား အာရုဏ်ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများကို မြို့နယ် ဒုတိယဦးစီးမှူး ဦးဖြိုးကိုကိုနှင့် တပ်ဖွဲ့ဝင်များက လောင်းလှူပူဇော်ကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချတရားနာယူပြီး အခမ်းအနားကိုကျင်းပရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှပေးပို့သည့် နှစ်(၈၀)ပြည့်မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ရှမ်းပွဲရပ်ကွက်ရှိ ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး သက်ကြီးအဘိုး သုံးဦးနှင့် အဘွား ၂၁ ဦးတို့အား ဆေးဝါးများ၊ တစ်ကိုယ်ရေးသုံး ပစ္စည်းများပေးအပ်လှူဒါန်းကာ အာဟာရဒါနအဖြစ် နေ့လယ်စာဖြင့် ကျွေးမွေးကုသိုလ်ရယူခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)