မူဆယ်မြို့တွင် အစိုးရသစ်ကာလ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မူဆယ် မေ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အများပြည်သူများ၏ အခြေခံလိုအပ်ချက်ကိုရှေးရှု၍ အစိုးရသစ်ကာလရက်(၁၀၀)လမင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးခြင်းကို ယမန်နေ့တွင် မူဆယ်မြို့နယ်၊ မန့်မိုင်ကျေးရွာအုပ်စု၊ မန့်မိုင်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှကြီးမှူး၍ မူဆယ်မြို့နယ်အတွင်း နေထိုင်သည့်ပြည်သူများအား အစိုးရသစ်ကာလအများပြည်သူများ၏ အခြေခံလိုအပ်ချက်ကိုရှေးရှု၍ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိစေရေးဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ မွေးတိုး၊ သေဆုံး၊ ပြောင်းဝင်၊ ပြောင်းထွက်၊ မြို့နယ်တွင်းပြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ ယနေ့တွင် မူဆယ်မြို့နယ်၊ မန့်မိုင်ကျေးရွာအုပ်စု၊ မန့်မိုင်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သိန်းအောင်နှင့် ဦးကျော်စွာဝင်း(ခ)Mအောင်ဂျာ၊ မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် မြို့နယ်ဦးစီးမှူး ဦးဆလိုင်းဟေမန်ထွန်း၊ မူဆယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းတို့က ကွင်းဆင်းကြည့်ရှုပြီး၊ ပြည်သူများလက်ဝယ်သို့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ခရိုင်ပြန်/ဆက်