သီပေါ ဧပြီ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့လာရောက်သောကြသူများအား ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက ယမန်နေ့နံနက် ၁၀ နာရီက ကလေးစာဖတ်ခန်းအတွင်း ရောင်စုံစက္ကူများဖြင့် စက္ကူအရုပ်ခေါက်နည်း များကို သင်ကြား ပြသပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာကလေးစာဖတ်ခန်းအတွင်း ကျောင်းသူနှင့်ဆရာမများအား ရောင်စုံစက္ကူဖြင့် ပိုးကောင်အရုပ် ပြုလုပ်ခြင်းကို သင်ကြားပြသပေးပြီး ၎င်းတို့ကိုယ်တိုင်ပြုလုပ်ဆောင်ရွက်စေခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် တီထွင်ဖန်တီးမှုစွမ်းရည်မြင့်မားလာစေရန်၊ ကိုယ်ရည်ကိုယ်သွေးထက်မြက် လာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံတူပန်းချီဆွဲ ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စက္ကူအရုပ်ခေါက်ပြိုင်ပွဲစသည့် ပြိုင်ပွဲများကိုလည်း လစဉ်ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)