ညောင်ရွှေ ဧပြီ ၃၀
ညောင်ရွှေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခြင်းလုပ်ငန်းကို ဧပြီ (၂၈)ရက်နေ့ နေ့လည်ပိုင်းက တိလောစခန်းကြီး ကျေးရွာအုပ်စု၊ တိလောကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အသက်(၁၀)နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီး မှတ်ပုံတင်ကတ်ပြားများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ UID ကောက်ယူခြင်းများလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကလောခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မင်းစစ်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းတို့ ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ