တိုက်ကြီး ဧပြီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်စေရေးနှင့် မှုခင်းကျဆင်းစေရေး ရည်ရွယ်၍ ရက် ၁၀၀ စီမံချက်ဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက မီးသွေးကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ အတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းများ၊ ခရိုင်ရဲတပ်ဖွဲ့မှူးက ပြည်သူလူထုပါဝင်သည့် ရဲလုပ်ငန်းစဉ်များ၊ ခရိုင်ဥပဒေအရာရှိက ပြစ်မှုကျူးလွန်ပါက ကျခံရမည့် ဥပဒေဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပြည်သူလူထု၏ နေ့စဉ်ဘဝလုံခြုံရေးနှင့် မှုခင်းလျော့နည်းကျဆင်းရေး၊ မြို့နယ်ဥပဒေအရာရှိက အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်စေရေး၊ ကတိုင်စိန်ရဲစခန်းမှူးက ဥပဒေအားကောင်းခြင်းဖြင့် ခိုးဆိုးလုယက်မှုများ လျော့နည်းရေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေး၊ မြို့နယ်ယာဉ်ထိန်း တပ်ဖွဲ့စုမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသည့်ကျေးရွာပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)