ထန်းတပင်မြို့နယ်အတွင်းရှိ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက်  (UID)ထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ထန်းတပင်(ရန်ကုန်) ဧပြီ ၃၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနေ ပြည်သူများအား ရက် (၁၀၀)စီ မံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် (UID)ထုတ်ပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိရပ်ကွက်ကျေးရွာများအရောက် နေ့စဥ်ကွင်းဆင်း ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းအဆိုပါဦးစီးဌာနမှသိရသည်။

ထန်းတပင်မြို့နယ်အတွင်း ရက် (၁၀၀) စီမံချက်အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် (UID) ထုတ်ပေးခြင်း လုပ်ငန်းများ ဧပြီလ (၂၀) ရက်နေ့မှစတင်၍ နေ့စဥ် ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ဧပြီလ (၂၉) ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်(၅)ခု အပါအဝင် ဝါးတရာကျေးရွာ၊ ထိန်ကုန်းကျေးရွာ၊ လမုတန်းကြီးကျေးရွာ၊ ကလိန်ကျေးရွာ၊ ဓနဲရိကျေးရွာ၊ တော်လတဲ့ကျေးရွာ၊ ကျွဲကူးကျေးရွာ၊ ချောင်းညီအကိုကျေးရွာ၊ ဌက်သိုက်ကျေးရွာနှင့် အပြင်သဲဖြူကျေးရွာ စုစုပေါင်း မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာပေါင်း(၁၀)တို့ရှိ ရပ်ကွက်ကျေးရွာနေပြည်သူများအား ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများ နှင့်နိုင်ငံသားကိုယ်ရေး အချက်အလက် (UID) ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင်လည်း မြို့နယ်ဦးစီးမှူး ဦးခင်ဆွေနှင့်ဝန်ထမ်းများက အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသည့် အသက်(၁၈)နှစ်ပြည့်ပြီး ကျေးရွာနေပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် နိုင်ငံသားကိုယ်ရေး အချက်အလက် (UID) ထုတ်ပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ကွင်းဆင်းဆောင်ရွက်ပေးမှု အခြေ အနေများကိုလည်း မှော်ဘီခရိုင်ဦးစီးမှူး ဦးခင်မောင်သန်းနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)